အောက်ပါတို့သည် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်မရရှိနိုင်သော တီထွင်မှုများ ဖြစ်သည် -
(၁) ရှာဖွေတွေ့ရှိချက်များ၊ သိပ္ပံဆိုင်ရာ သီအိုရီများနှင့် သချာင်္ဆိုင်ရာ တွက်ချက်နည်းများ၊
(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူသက်သက် ဆောင်ရွက်ခြင်း သို့မဟုတ် ဂိမ်းများကစားခြင်းနှင့် စပ်လျဉ်းသည့် စနစ်များ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် နည်းလမ်းများ၊
(၃) ကွန်ပျူတာ ပရိုဂရမ်သက်သက်၊
(၄) ဇီဝမဟုတ်သော ထုတ်လုပ်မှုနည်းစဉ်နှင့် အဏုဇီဝထုတ်လုပ်မှု နည်းစဉ်များမှ တစ်ပါး အပင်များ သို့မဟုတ် တိရစ္ဆာန်များကို စိုက်ပျိုးမွေးမြူရေးအတွက် အဓိကကျသော ဇီဝဆိုင်ရာ ထုတ်လုပ်မှု နည်းစဉ်များ၊
(၅) ပြုလုပ်ဖန်တီးထားသည့် အဏုဇီဝများမှတစ်ပါး သဘာဝတွင် တွေ့ရှိရသော သက်ရှိနှင့် ဇီဝပစ္စည်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အပါအဝင် သတ္တဝါမျိုးနွယ်များနှင့် အပင်မျိုးစိတ်များ အားလုံး အကျုံးဝင်သည့် အပင်များနှင့် သတ္တဝါများ၊ ဒီအင်န်အေနှှင့် ဒီအင်န်အေပါဝင်သော ဆက်တန်းများ (DNA – Including complementary DNA sequences)၊ ဆဲလ်များ (Cells) ဆဲလ်လိုင်းများ (Cell Lines)၊ မွေးမြူထားသော ဆဲလ်များ (Cell Cultures) နှင့် မျိုးစေ့များ၊
(၆) လူနှင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် လက်တွေ့စမ်းသပ်ပြီး ရရှိလာသော ရောဂါရှာဖွေခြင်း နည်းလမ်းများအပါအဝင် လူနှင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခြင်း သို့မဟုတ် ကုသခြင်း နည်းလမ်းများ၊
(၇) သဘာဝအတိုင်းရှိသည့် အရာဝတ္တုများ၊ အသုံးပြုမှုအသစ်များနှင့် ပုံသဏ္ဍာန်အသစ်များအပါအဝင် အများသိရှိထားပြီးဖြစ်သည့် အရာဝတ္တုများ သို့မဟုတ် အခါအားလျော်စွာ သတ်မှတ်ဖော်ပြသည့် အရာဝတ္တုများ သို့မဟုတ် အခါအားလျော်စွာ သတ်မှတ်ဖော်ပြသည့် ဓာတုထုတ်ကုန်များစသည့်တို့နှင့် ဆက်နွှယ်သည့် တီထွင်မှုများ၊
(၈) အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်ကိုဖြစ်စေ၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာ ထိခိုက်နိုင်သည့် တီထွင်မှုများနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း အသုံးချမှုကို တားမြစ် ထားသော တီထွင်မှုများ
The agreement is made in order not to use and disclose confidential information without consent of the Owner (the Disclosing Party) (i.e Party disclosing such information) who provides such information relating to his business to the Consultant (the Receiving Party) (i.e. Party receiving such information) by assigning the assignee as consultant to give legal advice in connection with the business of the Assignor. The Consultant agreed to keep confidential information relating to the Owner’s business as business secret on a strictly confidential basis.
လုပ်ငန်းရှင်၏ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာအကြံပြုချက်များပေးရန် လုပ်ငန်း အပ်နှံရာတွင် လုပ်ငန်းရှင် (ထုတ်ဖော်ပြောကြားသူ) မှ ထုတ်ဖော်ပြောကြားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လှို့ဝှက်သတင်းအချက်အလက်များကို လက်ခံသည့်အကြံပေး (သတင်းအချက်အလက်များကို လက်ခံသူ) အနေဖြင့် လုပ်ငန်းရှင်၏ခွင့်ပြုချက်မရဘဲ သုံးစွဲခြင်း နှင့် ထုတ်ဖော်ပြောကြားခြင်း မရှိစေရန် ရည်ရွယ်၍ ဤသဘောတူညီချက်ကို ပြုလုပ်ချုပ်ဆိုကြပါသည်။ ထုတ်ဖော်ပြောကြားသူ၏ လုပ်ငန်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို လုပ်ငန်းလှို့ဝှက်ချက်အဖြစ် စည်းကမ်းချက်ထား၍ တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်ရန် သဘောတူပါသည်။